လ - ဧပြီ 2021

သင့်အတွက် သခင်ယေရှု၏ကတိတော်

မိဘများက ဂျေးဆန် အား အေမီ လက်ထဲထည့်လိုက်သည့်အခါ ဂျေးဆန် အော်ဟစ်ငိုပါတော့သည်။ မိဘများက ဘုရားရှိခိုးကျောင်း၌ ဝတ်ပြုမည်ဖြစ်၍ ၂ နှစ် အရွယ် သားလေးမှာ ပထမဆုံးအကြိမ် ကလေးထိန်းအခန်းသို့ ရောက်ရသဖြင့် သူမပျော်ပါ။ သူအဆင်ပြေမည်ဖြစ်ကြောင်း အေမီက မိဘများကို ပြောသည်။ အေမီသည် ဂျေးဆန်အား အရုပ်များနှင့် စာအုပ်များပြလိုက်၊ ထိုင်ခုံပေါ်တွင် လွှဲပေးလိုက်၊ လမ်းလျှောက်လိုက်၊ ငြိမ်ငြိမ်လေးရပ်နေလိုက်၊ ပျော်ရွှင်စရာများ ပြောလိုက်ဖြင့် ချော့မြူခဲ့သည်။ သို့သော် ဘာပဲလုပ်ပေးလုပ်ပေး မျက်ရည်ပေါက်များ ပိုကျလာပြီး ငိုသံက ပိုကျယ်လာသည်။ နောက်ဆုံး သူနားနားကပ်လျက် "မင်းနဲ့အတူ မမ ရှိနေမယ်"ဟု ရိုးရှင်းသောစကားကို ပြောလိုက်မှ ငြိမ်းချမ်းခြင်းနှင့် ဖြေသိမ့်ခြင်းကို လျင်လျင်မြန်မြန်ရရှိခဲ့သည်။

ယေရှုသည်လည်း ကားစင်တင်ခံရမည့် ရက်သတ္တပတ်အတွင်း သူ၏ မိတ်ဆွေများအား "ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်း ဟူသော တစ်ပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ…

စိုးကြောက်မှုကြောင့် သီးသန့်ခွဲထားခြင်း

၂၀၂၀ ခုနစ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးကြောက်ရွံ့ တုန်လှုပ်ခဲ့ကြသည်။ လူများကို တစ်သီးတစ်ခြား သီးသန့်ခွဲထားကြသည်။ နိုင်ငံ များ၌ အသွားအလာကန့်သတ်ကြသည်။ လေကြောင်းလိုင်းပြေးဆွဲခြင်းနှင့် ပွဲလမ်း ကျင်းပခြင်းကို တားမြစ်ပိတ်ပင်သည်။ ဗိုင်းရပ်စ်ကူးစက်မှု မရှိသေးသောနေရာ တွင် နေထိုင်ကြသူများသည် ၎င်းတို့ပါ ဗိုင်းရပ်စ်အကူးခံရမည်ကို စိုးထိတ်ခဲ့ကြ သည်။ စိုးရိမ်စိတ်လွန်ကဲမှုပညာရှင် ဂရေဟမ် ဒေဗီ (Graham Davey)က အကောင်းမမြင်သည့် သတင်းထုတ်လွှင့်ချက်များသည် "လူကို ပို၍ဝမ်းနည်းစေပြီး စိုးရိမ်မှုကို တိုးစေသည်"ဟု ယုံကြည်သည်။ လူမှုမီဒီယာပေါ်မှာရှိသည့် ကာတွန်း တစ်ကွက်တွင် ရုပ်မြင်သံကြားသတင်းကိုကြည့်နေသူ လူတစ်ယောက်က သူ၏ စိုးရိမ်မှုများ လျော့ကျအောင် မည်ကဲ့သို့လုပ်ရမည်ကို မေးရာ၊ အခန်းထဲရှိ အခြားလူ တစ်‌ဦးက တီဗွီကိုပိတ်လိုက်ပြီး အခြားအရာသို့ အာရုံပြောင်းခြင်းဖြင့် အဖြေ ရနိုင်လိမ့်မည်ဟု အကြံပေးသည်။

ရှင်လုကာခရစ်ဝင် ၁၂ တွင် စိုးရိမ်မှုများကို ရပ်တန့်နိုင်အောင် "ဘုရားသခင်၏…

မာကျောသောမြေနှင့် နူးညံ့သောကရုဏာ

ဂျိမ်းစ် အသက် ၆ နှစ်အရွယ်တွင် သူ၏အစ်ကိုဒေးဗစ်သည် နှင်းလျှောစီး စကိတ် မတော်တဆမှုဖြစ်ပြီး ကြေကွဲဖွယ်အသက်ဆုံးရှုံးခဲ့ရသည်။ ဒေးဗစ်၏အသက် ၁၄နှစ် ပြည့်မွေးနေ့မတိုင်မီ မတော်တဆမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ ဂျိမ်းစ်သည် အလွန် ပူ‌‌ဆွေးဝမ်းနည်းနေသော သူ့မိခင် မာဂရက်ကို အကောင်းဆုံးနှစ်သိမ့်ပေး ခဲ့သည်။ တစ်ခါတစ်ရံ အမေသည် သားကြီးအရွယ်ရောက်လာလျှင် ကြုံရမည့် စိန်ခေါ်မှုများကို ဘယ်တော့မှရင်ဆိုင်ရတော့မည်မဟုတ်ကြောင်း မိမိကိုယ်ကို သတိပေးမိပြန်သည်။ ထိုအတွေးက ဂျိမ်းစ်ဘာရီ (James Berrie)၏စိတ်ကူးတွင် ဆယ်စုနှစ် တစ်ခု ကြာပြီးနောက် ကလေးများအကြိုက်၊ ဘယ်တော့မှ အသက်မကြီး သည့် ကာတွန်းဇာတ်ကောင် ပီတာပန် ကို သူဖန်တီးရေးသားခဲ့သည်။ လူသွားလမ်း နံဘေးမှ ပန်းပင်လေးသည် ကြိုးစားပွင့်လန်းနိုင်သကဲ့သို့ မထင်ရလောက်အောင် မာကျောသော နာကျင်ခြင်းမြေမှ ကောင်းသောအရာများ ထွက်ပေါ်တတ်သည်။

ခက်ခဲသောအခြေအနေမှ ကောင်းသောအရာကို ဘုရားသခင် ထုတ်ဆောင် ပေးနိုင်ခြင်းမှာ အလွန်အားရသက်သာဖွယ်ဖြစ်သည်။ ဤအချက်ကို လှပစွာ…

ပြတင်းပေါက်များ

ဟိမဝန္တာတောင်ခြေအနီးရှိ အိမ်တန်းများ၌ ပြတင်းပေါက်မရှိသည်ကို ခရီးသွား တစ်ဦးက သတိထားမိခဲ့သည်။ ရွာသားအချို့မှာ သူတို့အိပ်နေစဉ်အတွင်း မကောင်းဆိုးဝါးများ ဖောက်ထွင်းဝင်ရောက်လာမည်ကို ကြောက်ရွံ့သောကြောင့် မဖောက်ထွင်းနိုင်သောအိမ်နံရံကို တည်ဆောက်ခြင်းဖြစ်သည်ဟု ဧည့်လမ်းညွှန် က ရှင်းပြခဲ့သည်။ အိမ်ပိုင်ရှင်သည် အလင်းရရန် ပြတင်းပေါက်များ ဖောက်ထား ပါက သူသည် သခင်ယေရှုနောက်တော်လိုက်နေပြီဟု ပြောနိုင်ပါသည်။

ထိုသို့မဟုတ်သော်လည်း အလားတူဖြစ်ရပ်မျိုး ကျွန်ုပ်တို့၌ ဖြစ်နိုင်ပါသည်။ ကြောက်စရာကောင်း၍ ကွဲပြားသောခေတ်ကြီးတွင် ကျွန်ုပ်တို့နေထိုင် နေကြရ သည်။ စာတန်နှင့် သူ၏နတ်ဆိုးများသည် မိသားစုကြား၊ မိတ်ဆွေများ ကြားတွင် ဒေါသနှင့်ပြိုကွဲစေသည်။ တစ်ခါတစ်ရံ နံရံများနောက်သို့ ကျွန်ုပ်ပြေးပုန်းချင် မိသည်။ သို့သော် ယေရှုက ကျွန်ုပ်ကို ပြတင်းပေါက်ဖောက်စေချင်ခဲ့ပါသည်။

ဣသရေလလူတို့သည် နံရံမြင့်ကြီးများ၌ အကာအကွယ်ကို ရှာဖွေခဲ့သည်။ သို့သော် သူတို့၏လုံခြုံမှုသည် သူ့၌သာရှိသည်ဟု ဘုရားသခင် မိန့်ကြားခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်မှစိုးစံပြီး သူ၏နှုတ်တော်ထွက်အားဖြင့် အရာ…

ခွင့်လွှတ်မှု အားကြီးခြင်း

ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွင် သူမ၏ခင်ပွန်းနှင့်ကလေးများအား သတ်ခဲ့သူ မနာရှေ ကို ခွင့်လွှတ်ပေးခဲ့သည့်အကြောင်းကို ဘီတာ ပြန်လည်စဉ်းစားရင်း "ကျွန်မရဲ့ ခွင့်လွှတ်ပေးနိုင်မှုဟာ သခင်ယေရှုပြုခဲ့တဲ့အမှု - အချိန်တိုင်းပြုမိတဲ့ မကောင်းမှုတစ်ခုစီတိုင်းအတွက် အပြစ်ဒဏ်ကို သခင်ခံယူခဲ့တဲ့အမှုကြောင့်သာ ဖြစ်တယ်၊ သခင်ဘုရား၏ကားတိုင်တော်သည် အောင်ခြင်းကို တွေ့ရှိနိုင်သည့် တစ်ခုတည်းသောနေရာပဲ" ဟု သူမပြောခဲ့သည်။ မနာရှေ သည် ဘီတာထံသို့ အကျဉ်းထောင်ထဲမှ တစ်ကြိမ်ထက်မက စာရေးတောင်းပန်ခဲ့သည်။ သူ့အား ခြောက်လန့်ခဲ့သည့် အိမ်မက်ဆိုးများကို ရေးသားဖော်ပြလျက် ဘီတာနှင့် ဘုရားသခင်ထံမှ ခွင့်လွှတ်မှုကို တောင်းခံခဲ့သည်။ အစ၌ ဘီတာခွင့်မလွှတ်နိုင်၊ ကရုဏာ မပွားနိုင်ခဲ့ပါ။ သူမ၏မိသားစုကို သတ်ခဲ့သူကို အလွန်မုန်းတီးခဲ့သည်။ ထို့နောက် သူမ၏အတွေးများထဲသို့ သခင်ယေရှု ဝင်ရောက်ခဲ့ပြီး ဘုရားသခင်၏ မစမှုဖြင့် ၂ နှစ်အကြာတွင် ခွင့်လွှတ်နိုင်ခဲ့သည်။

နောင်တရသူကို ခွင့်လွှတ်ရန် တပည့်တော်များအား မိန့်ကြားခဲ့သည့် သခင် ယေရှု၏လမ်းစဉ်ကို…